"ဥာဏ်တိမ်တာဘူလဲ" ဟာသလေးပါ ရီရတယ်နော် စိတ်အမောပြေပါစေ
ဥာဏ်တိမ်တာဘယ်သူလဲ
•°•°•°•°•°•°•°•°•°•°•°
အမျိုးသားတဦးဟာ ည အချိန်မတော် သူတို့ရဲ့ မိသားစု ဆရာဝန်ဆီဖုန်းဆက်ပြီး သူ့ မိန်းမ
အူအတက်ရောင်နေကြောင်း ပြောလိုက်ပါတယ်။
အိပ်မောကျနေတုန်း အနှိုးခံလိုက်ရတာမို့ စိတ်တိုနေတဲ့ ဆရာဝန်က “ဒါ မဖြစ်နိုင်တာပဲ” လို့
ပြန်ပြောလိုက်ပါတယ်။
“မနှစ်ကပဲ ခင်ဗျားမိန်းမ အူအတက်ရောင်လို့ ခွဲစိတ်ထားတာ မဟုတ်လား၊စဉ်းစားစမ်းပါဦး။
ခင်ဗျားတို့လို ဉာဏ်တိမ်တဲ့သူတွေပဲ ခုလို
မဟုတ်တာတွေပြောပြီး
ကျုပ်ကို အချိန်မတော်ကြီးမှာ လာနှိုးတာ။
လူတယောက်က ခွဲစိတ်ထားပြီးသားကို
နောက်တကြိမ် အူအတက်ရောင်တာ ဖြစ်နိုင်ပါ့မလားဗျ… ဟင်”
အမျိုးသား – “ဉာဏ်တိမ်တာ ခင်ဗျားဗျ။
နောက်မိန်းမ ထပ်ယူထားတဲ့ လူကို
ခင်ဗျား တခါမှ မမြင်ဖူးဘူးလား.. ဟင်” တဲ့…။
😛

Comments
Post a Comment