Ha Ha "KTV နွား"ဟာသလေးပါ ရီရတယ် စိတ်အမောတွေပြေပါစေ

ကေတီဗီ နွား
---------------

"ဘိုးတော်ရောက်ပြီ"
ဝိတ်တာလေးလာအော်တော့မှ ဘောင်းဘီတိုကောက်လဲ
နူတ်ခမ်းလေးသပ်ရပ်အောင်ဆိုး
ဆံပင်ကိုsexyဖြစ်အောင်ဖွပြီး Room A7ကိုသွားပြီ။

ဒီနေ့တော့ ဘိုးတော်တစ်ပွေတည်း
 ဂေါက်မရိုက်ဖြစ်လို့စောလာတာတဲ့လေ
ဘိုးတော်ကဆရာကြီးစတိုင်နဲ့ ထိုင်နေပြီ
အမှန်တော့ အာပလာကြီးဖြစ်နေပြီရယ်
ဘာဖြစ်ဖြစ် ကိုယ့်ကာစတမ်မာကိုအပြုံးမပျက်ရဘူးလေ
သူ့အတွက် သောက်စရာစားစရာမှာ
ကိုယ့်အတွက်ကျွဲရိုင်းနဲ့သီးစုံတစ်ပွဲပေါ့။

ထုံးစံအတိုင်း ဘိုးတော်ကရူးကြောင်မူးကြောင်နဲ့
လေတွေစွတ်တိုက်နေပြန်တာ
အခုပဲ တိုက်ခန်းဝယ်ပေးတော့မှာလို
နိုင်ငံခြားအလည်ခေါ်တော့မှာလို
ကိုယ်တွေကလည်း ဒါမျိုးတွေရိုးလို့ရှင်
ယုံချင်ယောင်တော့ ဆောင်ပြရတာပေါ့ရှင်
စီးပွားရေးအောင်မြင်ကြောင်း ပင့်ပေးရတာပေါ့ရှင်
ဘောလုံးပွဲလောင်းတာတော်ကြောင်း
ဘုံမြှောက်ရတာပေါ့ရှင်
လူတိုင်းက ဒီနေရာရောက်လာရင်
ဘောစိလို့ အထင်ခံရတာကိုဂုဏ်ယူကြတယ်လေ
ကိုယ်တွေကတော့ သနားအောင်ဇာတ်ကွက်ဆင်ရတာပေါ့
ပထွေးနဲ့နေရတာတို့ မောင်နှမများတာတို့
အမေနေမကောင်းတာတို့
အကြွေးတင်နေတယ်တို့ဘာတို့ ညာတို့
ကဗျာဆရာ စာရေးဆရာတွေနဲ့တွေ့ရင်
ပိုပိုသာသာအိုက်တင် လုပ်ပြရသေးတယ်ရှင်
ဒါမှ အပိုဆာဒါးတွေကို
သူတို့ကသနားအောင်ဝါဒဖြန့်ပေးမှာ။

ဒီလိုပါပဲ
အများသူငါ ကေတီဗီထုံးစံအတိုင်းပေါ့
ငယ်ကျွမ်းဆွေနဲ့စမယ်
မူးလာရင် နဂါးနီ
ပြီးရင်မြနန္ဒာနဲ့သိမ်းကြတာပေါ့
ကိုယ်တွေက မြနန္ဒာနားရောက်လာရင်
ပစ်ချွဲချွဲနဲ့အစ်ကိုကြီးခေါ် မုန့်ဖိုးတောင်းပေါ့
ဆင်ဘယ်နှစ်ကောင်ထွက်မလဲဆိုတာ အဓိကလေ
များရင် တခြားကောင်မတွေကိုကြွားရဦးမှာ။

ငွေကလည်း ရှာမှဖြစ်မယ်
ယောက်ျားက အလုပ်မရှိဘူး
သားကို ပညာတတ်ဖြစ်စေချင်တယ်
အမေလည်းရှိသေးတယ်
အိမ်လခရှိသေးတယ်
ဒီဘိုးတော်နဲ့ဆုံတော့ အဆင်ပြေပါတယ်
လက်ဝတ်လက်စားအစုံနဲ့ဟမ်းဆက်အမိုက်စားနဲ့
အဖတ်တင်လာတယ်။

ဇာတ်လမ်းမေးရင် ကေတီဗီထုံးစံအတိုင်းပါပဲ
ချူဆီထည့်တဲ့ဇာတ်လမ်းပါပဲ
အိမ်လခမရှိဘူး
မောင်လေးကျောင်းစရိတ်လိုတယ်ဘာညာပေါ့
ကျေးဇူးရှင်ကြီးပါပေါ့
သူစားချင်တာကိုတော့
ခုကျွေးမလိုတော်ကြာကျွေးမလို
မာယာများရတာပေါ့နော်
သူငွေရှင်းပြီးပြန်သွားရင်
ကိုယ်လည်းတခြားအခန်းကူးသွားတာပဲလေ
ပုခုံးတွေခါးတွေ ဟိုပွတ်ဒီပွတ်တွေတော့
သစ္စာမေတ္တာဆိုတာ ကေတီဗီလောကမှာမရှိဘူး
တင်မောင်ဆန်းမင်းဝင်းဆီမှာပဲရှိလိမ့်မယ်။

ဒီဘိုးတော်လည်းကြွားသာကြွားနေတာ
အရင်လို ရေမလျှံတော့ဘူးရှင်
ရွှေငါးလောက်စီးတာတော့ ဒီခေတ်မှာစာမဖွဲ့တော့ဘူးလေ
အလုပ်ထဲ ငွေကွာလို့ပြဿနာတက်တယ်ကြားတယ်
ဘောလုံးပွဲတွေရှုံးတယ်ကြားတယ်
ဘိုးတော်သားနဲ့ကိုယ်တွေသားက
ကျောင်းမှာအတန်းတူတယ်
ဘိုးတော်သားက တစ်နေ့မုန့်ဖိုးငါးရာရတယ်
ကိုယ်တွေသားကိုအောက်ကျမှာစိုးလို့
မုန့်ဖိုးတစ်နေ့ထောင့်ငါးရာပေးတယ်။

နောက်လဆို အခုကေတီဗီပိုင်ရှင်က
နောက်တစ်ဆိုင်ထပ်ဖွင့်တော့မှာ
ကိုယ်တွေ ဆိုင်သစ်ကိုပြောင်းမှာ
ဘိုးတော်ကိုတော့ အကွက်ရွှေ့ရမှာပေါ့ရှင်
အကွက်ရွှေ့တာလွယ်ပါတယ်
သူ့မိန်းမနဲ့အတူရှိချိန်မှန်းပြီး
လေးငါးခါ ကြူလိုက်ရုံပဲ
ကိုယ်လည်း ထိုက်သလောက်ရပြီးပြီဆိုတော့
သူတို့လင်မယား သတ်ကြပါလေ့စေလေ
ကိုယ်တွေက လန်ခရူဆာနဲ့အမှန်အကန်စပွန်ဆာတစ်ယောက်
ကြိုချဉ်းထားပြီးပြီ
ခုဘိုးတော်က ချီးထုပ်ဖြစ်နေပြီလေ
အဲလိုဘိုးတော်မျိုးကို ကိုယ်တွေက
ကွယ်ရာမှာ နွားလို့ခေါ်တယ်။

ကေတီဗီက ဆော်ဆိုတာ
ကိုယ့်မိသားစုမျက်နှာကလွဲရင် ဘာမှစောက်ဂရုမစိုက်တာ
ဒီလောကရဲ့စည်းမျဉ်းပါရှင်။

Comments

Popular posts from this blog

"ဒီအသံလေးနားထောင်ကောင်းလို့ပါ"ဆိုတဲ့  ဟာသလေးပါ ရီရတယ်နော် စိတ်အမောတွေ ပြေပါစေ

Ha Ha funny myanmar