"ဒီအသံလေးနားထောင်ကောင်းလို့ပါ"ဆိုတဲ့  ဟာသလေးပါ ရီရတယ်နော် စိတ်အမောတွေ ပြေပါစေ
ဒီအသံလေးနားထောင်ကောင်းလို
============================
အိမ်ပေါ်ကစိတ်ဆိုးပြီး ဆင်းသွားတဲ့
မိန်းမကို ခဏပြီး ခဏဖုန်းဆက်တော့
ယောက္ခမဖြစ်သူက ဖုန်းကိုင်ရင်း
သားမက်ဖြစ်သူကိုပြောတယ် ။
"" နင်အမှတ်မရှိ့ဘူးလား ...!ငါ့သမီးနင့်အိမ်ကို ပြန်မလာတော့ဘူး လို့ပြောနေတာ နင်နားကန်း
နေလားဟင် ?? ""
သားမက်ဖြစ်သူက --
'' ဟုတ်ကဲ့ပါ . . ဒီအသံလေးကို
ခဏခဏနားထောင်ရတာ ပီတိဖြစ်လို့ပါ ....''
😛

Comments
Post a Comment