တူပုံများ
................................. "တူပုံများ'' ====== လူတစ်ယောက် ဆေးခန်းထဲမှာ ဆရာဝန်ပြဖို့ စောင့်နေတယ်။ သူ့ဘေးမှာ ထိုင်နေတဲ့လူက သူ့ကို မေးတယ်... ... "နေ နေ နေ ကော ကောင်း ကောင်း လ လ လား ဗျ'' လူက စကားသာ ထစ်တာ စပ်စပ်စုစု ရှိပုံရတယ်။ စကားသိပ်မပြောချင်ပေမယ့် လူမှုရေးအရ ပြန်ဖြေလိုက်တယ်... ... "သိပ်နေ မကောင်းပါဘူးဗျာ'' "ဘ ဘ ဘာ ဘာ ဖြစ် ဖြစ် ဖြစ် တ တ တာလ လဲ'' အမယ်... လာပြန်ပြီ မေးခွန်းက "ဆီးကြိတ်မှာ ပြသနာ ရှိနေလို့ပါ'' "ဆီး ဆီး ကြ ကြိတ် ပြ ပြ သနာ ဟုတ်လား၊ ဘ ဘယ် လ လ လို ပြ ပြ ပြသနာလဲ'' ဟိုလူလည်း စိတ်တိုတိုနဲ့ ပြန်ဖြေလိုက်တာ သူထပ်မမေးတော့ဘူး။ ဟိုလူဖြေလိုက်တာက... ... "ဆီးကြိတ် ပြသနာရှိတော့ သေးပေါက်တိုင်း ခု ခများစကားပြောသလို့ ထစ်ငေါ့ထစ်ငေါ့ ဖြစ်နေလို့ ဗျို့'' "ဟင်...'' . . . သန်၎ကို - ရမ်းဘာသာပြန်သည်။