Ha Ha funny myanmar
"နောက်တ်ခါဆိုမူးမလာပါနဲ့"
-----------—---------------—----
#ပြောမယ်ဆို နောက်မသောက်လာပါနဲ့😂
ဟောပြောပွဲမှာ
ဆရာတယောက် စင်မြင့်ပေါ်မှာဟောပြောနေတယ်
" ကျွန်တော့်ဘဝရဲ့ အကောင်းဆုံးအချိန်တွေကတော့
ကျွန်တော့်မိန်းမ မဟုတ်တဲ့အမျိုးသမီးတယောက်ရဲ့
ရင်ခွင်ထဲမှာ ဖြတ်သန်းခဲ့ရတဲ့အချိန်တွေပါ "
စင်အောက်က ပရိတ်သတ်တွေလည်း
အံ့သြလွန်းလို့ တိတ်ဆိတ်သွားကြတယ်
ဘာကြောင့်ဆို ခုဟောပြောနေတဲ့ဆရာကြီးက
အရမ်းကို သီလဂုဏ်နဲ့ပြည့်စုံတဲ့ဆရာကြီးပါ
ဆရာကြီးဆီက ဒီလိုစကားမျိုးကြားလိုက်ရတော့
မယုံနိုင်ဘူးဖြစ်နေကြတာပေါ့
ဒါပေမဲ့
ဆရာကြီး ဆက်ပြောလိုက်တာက
" အဲ့ဒီအမျိုးသမီးကတော့ ကျွန်တော့်အမေပါပဲ "
"ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း "
ဟောပြောပွဲတခုလုံး
လက်ခုပ်သံတွေ ဘဝဂ်ထက်ယံထိအောင်ညံသွားတယ်
အားလုံးရဲ့ မျက်ဝန်းအိမ်တွေထဲမှာလည်း
ပီတိကြောင့်စီးဆင်းလာတဲ့ မျက်ရည်တွေနဲ့ပေါ့
ဆရာကြီးကိုလည်း ဆထက်တိုးပြီးလေးစားသွားကြတယ်
ဒီဟောပြောပွဲကို လာရောက်နားထောင်တဲ့
ကိုကျီးငယ်လည်း ဆရာကြီးရဲ့စကားကိုအရမ်းကြိုက်သွားတယ်
အဲ့ဒါနဲ့
အပြန်လမ်းတလျှောက်လုံးမှာ သူစိတ်ကူးလာတယ်
သူ့မိန်းမကိုပြန်ပြောပြမယ်ပေါ့
အိမ်ရောက်တော့ သူမူးနေပြီ . . .
မူးမှာပေါ့ လမ်းမှာဝင်ကစ်လာတာကိုး
လူက ယိုင်တောင်ယိုင်နေပြီ . .
သူ့မိန်းမက ညစာစားဖို့ပြင်ဆင်နေတုန်းမှာ
ကိုကျီးငယ်က ထမင်းစားပွဲမှာဝင်ထိုင်လိုက်ပြီး
" အဟမ်း ! "
" ငါ့ဘဝရဲ့ အကောင်းဆုံးအချိန်တွေကတော့
ငါ့မိန်းမ မဟုတ်တဲ့အမျိုးသမီးတယောက်ရဲ့ရင်ခွင်ထဲမှာ
ရှိနေခဲ့တဲ့အချိန်တွေပေါ့ ကွာ "
ရုတ်တရက်ကြီး
ဆိုင်းမဆင့်ဗုံမဆင့် ထပြောလိုက်တာဆိုတော့
သူမိန်းမလည်း ကြောင်သွားတာပေါ့
" ဘာလဲဟ ရူးကြောင်မူးကြောင်နဲ့ဘာတွေလဲ "
သူ့မိန်းမ ဒေါသတွေထွက်နေပြီ
ကိုကျီးငယ် ဆက်ပြောဖို့ပြင်လိုက်တယ် . .
ဒါပေမဲ့ ဘာဆက်ပြောရမလဲသူစဉ်းစားမရဖြစ်နေတယ်
မူးလည်း မူးနေပြီလေ . . . ;)
စဉ်းစားမရတဲ့အဆုံး သူပြောချလိုက်တယ်
" အဲ့ဒီအမျိုးသမီးကို ငါမမှတ်မိတော့ဘူး ကွာ "
ကိုကျီးငယ် သတိပြန်ရလာတဲ့အချိန်မှာတော့
ဆေးရုံပေါ်ရောက်နေပါပြီ
သူ့မိန်းမက သူ့ကိုရေနွေးဓာတ်ဗူးနဲ့ထုထည့်လိုက်လို့

Comments
Post a Comment