Posts
Showing posts from August, 2019
Ha Ha funny myanmar
Image
"နောက်တ်ခါဆိုမူးမလာပါနဲ့" -----------—---------------—---- #ပြောမယ်ဆို နောက်မသောက်လာပါနဲ့😂 ဟောပြောပွဲမှာ ဆရာတယောက် စင်မြင့်ပေါ်မှာဟောပြောနေတယ် " ကျွန်တော့်ဘဝရဲ့ အကောင်းဆုံးအချိန်တွေကတော့ ကျွန်တော့်မိန်းမ မဟုတ်တဲ့အမျိုးသမီးတယောက်ရဲ့ ရင်ခွင်ထဲမှာ ဖြတ်သန်းခဲ့ရတဲ့အချိန်တွေပါ " စင်အောက်က ပရိတ်သတ်တွေလည်း အံ့သြလွန်းလို့ တိတ်ဆိတ်သွားကြတယ် ဘာကြောင့်ဆို ခုဟောပြောနေတဲ့ဆရာကြီးက အရမ်းကို သီလဂုဏ်နဲ့ပြည့်စုံတဲ့ဆရာကြီးပါ ဆရာကြီးဆီက ဒီလိုစကားမျိုးကြားလိုက်ရတော့ မယုံနိုင်ဘူးဖြစ်နေကြတာပေါ့ ဒါပေမဲ့ ဆရာကြီး ဆက်ပြောလိုက်တာက " အဲ့ဒီအမျိုးသမီးကတော့ ကျွန်တော့်အမေပါပဲ " "ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း " ဟောပြောပွဲတခုလုံး လက်ခုပ်သံတွေ ဘဝဂ်ထက်ယံထိအောင်ညံသွားတယ် အားလုံးရဲ့ မျက်ဝန်းအိမ်တွေထဲမှာလည်း ပီတိကြောင့်စီးဆင်းလာတဲ့ မျက်ရည်တွေနဲ့ပေါ့ ဆရာကြီးကိုလည်း ဆထက်တိုးပြီးလေးစားသွားကြတယ် ဒီဟောပြောပွဲကို လာရောက်နားထောင်တဲ့ ကိုကျီးငယ်လည်း ဆရာကြီးရဲ့စကားကိုအရမ်းကြိုက်သွားတယ် အဲ့ဒါနဲ့ အပြန်လမ်းတလျှောက်လုံးမှာ သူစိတ်ကူးလာတယ် သူ့မိန်းမကိုပြန်ပြောပြ...
"သွားနှုတ်ချင်လို့ ပါ"ဟာသလေး စိတ်အမောပြေပါစေနော်
Image
"ဒီအသံလေးနားထောင်ကောင်းလို့ပါ"ဆိုတဲ့  ဟာသလေးပါ ရီရတယ်နော် စိတ်အမောတွေ ပြေပါစေ
Image
ဒီအသံလေးနားထောင်ကောင်းလို ============================ အိမ်ပေါ်ကစိတ်ဆိုးပြီး ဆင်းသွားတဲ့ မိန်းမကို ခဏပြီး ခဏဖုန်းဆက်တော့ ယောက္ခမဖြစ်သူက ဖုန်းကိုင်ရင်း သားမက်ဖြစ်သူကိုပြောတယ် ။ "" နင်အမှတ်မရှိ့ဘူးလား ...!ငါ့သမီးနင့်အိမ်ကို ပြန်မလာတော့ဘူး လို့ပြောနေတာ နင်နားကန်း နေလားဟင် ?? "" သားမက်ဖြစ်သူက -- '' ဟုတ်ကဲ့ပါ . . ဒီအသံလေးကို ခဏခဏနားထောင်ရတာ ပီတိဖြစ်လို့ပါ ....'' 😛
"အဲ့ ဒါ ငါဟာနော်" ဆိုတဲ့ ဟာသလေးပါ ရီရတယ်နော် စိတ်အမောပြေပါစေ
Image
ဟိုတယ်တစ်ခုမှာ နှစ်ယောက်အိပ်ခန်းကို ငှားပြီးကာမှ တစ်ယောက်ခန်းသို့ ပြောင်းရွှေ့ပေးပါရန် ဟိုတယ်မန်နေဂျာက မေတ္တာရပ်ခံလာသဖြင့် ကိုမြသည်တစ်ယောက်ခန်းသို့ပြောင်းရွှေ့ ပေးလိုက်ပါ၏။ မန်နေဂျာက ထိုအခန်းသို့ သမီးရည်းစားစုံတွဲတစ်တွဲ အတွက်နေရာပေးလိုက်၏။ မိမိနေရမည့်အခန်းသို့ ရောက်ခါမှ ယခင်အခန်းတွင် ခုတင်ခြေရင်း၌ မိမိ၏ ထီးကောက် မေ့ကျန်နေခဲ့ကြောင်း ကိုမြ သတိရ၏။ ထို့ကြောင့် ထီးပြန်ယူရန် ထိုအခန်းသို့ သွားလေ၏။ အခန်းအပြင်ဖက်သို့အရောက် အတွင်းမှ သမီးရည်စားစုံတွဲ၏ စကားပြောသံကို ကြားရသဖြင့် ခေတ္တနားစွင့်နေမိ၏။ ``ခင်ရယ်၊ ဟောဒီ ရွှေရောင်ဆံပင်လှလှလေးတွေက ဘယ်သူ့ဟာလဲဟင် ´´ `` အိုး၊ မောင့်ဟာပေါ့၊ မောင်ကလည်း ´´ `` ဟောဒီ သမင်မျက်လုံးလေးကရော ´´ `` မောင့်ဟာပဲပေါ့ ´´ `` ဒီနှင်းဆီဖူးလေးလို နှုတ်ခမ်းလေးကရောဟင် ´´ `` မောင့်ဟာ၊ မောင့်ဟာ ´´ - - - - ထိုကဲ့သို့ မေးလာရော ပဉ္စငါးပါးကုန်ခါနီးလာ၏။ အပြင်ကနားထောင်နေသော ကိုမြ အတော်ကိုစိုးရိမ်စိတ် ၀င်လာ၏။ ထို့ကြောင့် အပြင်မှနေ၍ လှမ်းအော်ပြောလိုက်လေ၏။ `` အထဲက ကျေးဇူးရှင်လေး ... ကုတင်ခြေရင်းမှာ ချိတ်ထားတဲ့ ထီးကောက်ကြီးကတော့ မင်းဟာဟုတ်ဖူး...
Ha Ha "KTV နွား"ဟာသလေးပါ ရီရတယ် စိတ်အမောတွေပြေပါစေ
Image
ကေတီဗီ နွား --------------- "ဘိုးတော်ရောက်ပြီ" ဝိတ်တာလေးလာအော်တော့မှ ဘောင်းဘီတိုကောက်လဲ နူတ်ခမ်းလေးသပ်ရပ်အောင်ဆိုး ဆံပင်ကိုsexyဖြစ်အောင်ဖွပြီး Room A7ကိုသွားပြီ။ ဒီနေ့တော့ ဘိုးတော်တစ်ပွေတည်း  ဂေါက်မရိုက်ဖြစ်လို့စောလာတာတဲ့လေ ဘိုးတော်ကဆရာကြီးစတိုင်နဲ့ ထိုင်နေပြီ အမှန်တော့ အာပလာကြီးဖြစ်နေပြီရယ် ဘာဖြစ်ဖြစ် ကိုယ့်ကာစတမ်မာကိုအပြုံးမပျက်ရဘူးလေ သူ့အတွက် သောက်စရာစားစရာမှာ ကိုယ့်အတွက်ကျွဲရိုင်းနဲ့သီးစုံတစ်ပွဲပေါ့။ ထုံးစံအတိုင်း ဘိုးတော်ကရူးကြောင်မူးကြောင်နဲ့ လေတွေစွတ်တိုက်နေပြန်တာ အခုပဲ တိုက်ခန်းဝယ်ပေးတော့မှာလို နိုင်ငံခြားအလည်ခေါ်တော့မှာလို ကိုယ်တွေကလည်း ဒါမျိုးတွေရိုးလို့ရှင် ယုံချင်ယောင်တော့ ဆောင်ပြရတာပေါ့ရှင် စီးပွားရေးအောင်မြင်ကြောင်း ပင့်ပေးရတာပေါ့ရှင် ဘောလုံးပွဲလောင်းတာတော်ကြောင်း ဘုံမြှောက်ရတာပေါ့ရှင် လူတိုင်းက ဒီနေရာရောက်လာရင် ဘောစိလို့ အထင်ခံရတာကိုဂုဏ်ယူကြတယ်လေ ကိုယ်တွေကတော့ သနားအောင်ဇာတ်ကွက်ဆင်ရတာပေါ့ ပထွေးနဲ့နေရတာတို့ မောင်နှမများတာတို့ အမေနေမကောင်းတာတို့ အကြွေးတင်နေတယ်တို့ဘာတို့ ညာတို့ ကဗျာဆရာ စာရေးဆရာတွေနဲ့တွေ့ရင် ပိုပိုသာသာအိုက်တင် လုပ်ပြ...
Ha Ha အရမ်းရီရပါတယ်ဗျာ ဖတ်ကြည့်ပြီး အမောတွေ ပြေမှာပါနော်
Image
😂😂😂😂😂😂 ယောက်ျားကလည်း ညဉ့်နက်မှ  မူးပြီးပြန်လာလေ့ရှိတယ်။ - မိန်းမကလည်း တံခါးထဖွင့်ပေးရင် မြည်တွန်တောက်တီးပြီး  ရန်လုပ်လေ့ရှိတယ်။ - နေ့စဉ် ဖြစ်ရိုးဖြစ်စဉ်  အလေ့အထလိုကို ဖြစ်နေတာ။ - တရက်တော့ အိမ်နီးနားခြင်း  တစ်ယောက်က  အဲဒီအမျိုးသမီးကို အကြံပေးတယ်... ... - "နေ့တိုင်း ရန်ရှာအပြစ်တင်နေလို့  ဘာထူးမှာလဲ၊  ချိုချိုသာသာပြောပြီး  ယုယုယယ ဆက်ဆံပေးလိုက်၊  သူ ပြောင်းလဲလာလိမ့်မယ်" - "အင်း... စမ်းကြည့်ရသေးတာပ့ါ" - ဒါနဲ့... ညရောက်လို့  သူ့ယောက်ျားပြန်လာတော့  - တံခါးဝကနေ  အပြုံးလေးနဲ့ ဆီးကြိုလိုက်တယ်။ - ဒယီးဒယိုင်ဖြစ်နေတဲ့ ယောက်ျားကို  အသာတွဲခေါ်ပြီး ဧည့်ခန်းမှာ  ခဏထိုင်ခိုင်းတယ်။ - ရေစိုအဝတ်လေးနဲ့ မျက်နှာကို  သန့်စင်ပေးလိုက်တယ်။ - ပြီးတော့ ပုခုံးနှစ်ဘက်ကနေ  အသာပွေ့ထူပေးရင်း ပြောတယ်... ... - "မောင်... အိပ်ခန်းထဲ သွားဖို့  အချိန်တန်ပြီနော်" - ဒီတော့ ...... ဆရာငမူးက  အာလေးလျှာလေးကြီးနဲ့  ပြန်ပြောတယ်... ... - "အေးတွာ၊ မင်းရေးနဲ့ပဲ အိပ်တော့မယ်၊  အိမ်ကြန်ရ...
Ha Ha ရီစရာကောင်းတယ်နော် ဖတ်ကြည့် စိတ်အမောတွေ ပြေမှာပါ
ရီိချင်ရင် ဆုံးအောင်ဖတ် ဒါဗျဲ😝😝😝 ရဲစခန်းတွင်​ ​မှောင်​ရိပ်​ခိုမှုဖြင့်​ သံသယ ရှိသူ တစ်​ဦးကို ရဲက စစ်​​မေးသည်​ " မင်း နာမည်​ ​ပြော " " မင်း.​ဖေ " " ​ဟျောင့်​ -မနာချင်​ ​ကောင်း​ကောင်း ​ဖြေ​နော်​  - ​ပြော မင်းနာမည်​ " " မင်း.ဖေ လို့ " " ဟာ ငိုးမသား- ​ကောင်း​ကောင်း ​ဖြေပါ ဆိုတာကို  -ကဲကွာ " " ​ဖောင်း " " အ " ရဲက စိတ်​မရှည်​စွာ နရင်း ထ အုပ်​သည်​ လူရွယ်​က နားမလည်​စွာ ငိုမဲ့မဲ့ဖြင့်​ ​ပြောသည်​ " ဘာလို့ ရိုက်​တာလဲ​ဗျ -​ကောင်း​ကောင်း ​ဖြေ​နေတာကို " " ​မေးတာကို -ယီးမို့ "မင်းအ​ဖေ မင်းအ​ဖေ" လို့ ​ဖြေ​နေတာလား ?" " ဟုတ်​တယ်​​လေ​ဗျာ -ကျ​တော့်​နာမည်​က "​မောင်​မင်း​ဖေ "ပဲ ဟာကို " " အမ်​ -မင်း​ဖေ "ဟုတ်​လား -ငိုးမ နာမည်​ကလည်း ယီးလိုပဲ " ရဲက စာအုပ်​တွင်​ မှတ်​လိုက်​ပြီး " အ​ဖေ " " ​ဟေ " " ​ဟျောင့်​ --" " ဘာလဲ ! -ကျ​တော့်​ဖာသာ ​လေချင်​ တက်​တာကို " " အ​ဖေနာမည်​ ​ပြော...
လူမိုက်ကိုစိန်ခေါ်ခြင်း Ha Ha ရီစရာကောင်းတဟ်ဗျာ စိတ်အမောတွေပြေပါစေနော်
Image
မင်းဘာစကားပြောလိုက်တာလဲ ညီလေး​ အေးး!! ဖုန်းစခွင်​က​နေ ကီးဘုတ်​​လေးကို တ​တောက်​​တောက်​ နှိပ်​​နေရုံနဲ့ ဒီဇာတ်​လမ်းပီးသွားမယ်​ မင်းထင်​လား မင်းစကား​တွေအတွက်​ မင်းပြန်​​ပေးဆပ်​ရမယ်​ ရန်ကုန်လို တိုးချဲ့ကွက်​သစ်​မှာ​နေတဲ့ မင်းလို​ကောင်​မျိုးကို ရှာရတာ ငါ့အတွက်​ ​လေလည်​ရုံ​လောက်​ပဲရှိတယ် မင်းလို​ကောင်​ ​ကို ​ခွေးဘုံ​ပျောက်​သွား​စေရမယ်​ အ​ပြောထက်​ မင်း​စောင့်​ကြည့်​​နေပါ ဟားးးဟားးး​  ဖင်​မယားနဲ့နော် သတ္တိရှိရင် တစ်​​ယောက်​ခြင်းထိုးမယ်​။ ငါနဲ့​တော့မဟုတ်​ဘူး ထွန်းထွန်းမင်းနဲ့ 😆 ရိုက်​မယ်​ဆိုလည်းရတယ်​ ကင်​မရာယူခဲ့မယ်​။ ဓားချင်းထိုးမလား ရတယ်​ ဓားချင်းပဲ လူကို​တော့မထိုးရဘူး။ ​အေး ကားချင်းယှဉ်​တိုက်​မယ်​ဆိုရင်​ ကြိုက်​တဲ့အချိန်​​ပြော ဟက်​ပီး​ဝေါမှာ တိုက်​ကား​တွေရှိတယ်​။ ရှင်းမယ်​ဆိုလာထားပဲ ကြိုက်​တဲ့ဆိုင်​သာ​ပြော ​သောက်​​ပေးမယ်​ ပြီးရင်​ ကွကိုယ်​ရှင်းသွား​ချေ။ ဆရာကြီး​တော့မဟုတ်​ဘူး မာရီယိုအခန်းဆုံး​အောင်​ဖူးတယ်​။ ဖုန်းတချက်​​ခေါ်လိုက်​ရင်​ ဘာဖြစ်​သွားမယ်​ထင်​လဲ ၂၃ကျပ်​ကုန်​သွားမယ်​။ ပိုက်​ဆံမရှိလို့မွဲချငိ​ယောင်​​ဆောင်​​နေတာ အချဉ်​​တေ...
" ဂွေးကျိ စိမ်းနေလို့ "ဟာသလေးပါ ရီရတယ် စိတ်အမောတွေ ပြေပါစေနော်
Image
ညာဘက် ဂွေးဂျိ စိမ်းနေလို့ ဆရာဝန်သွားပြရတယ်။ ဆရာဝန်က သေချာ စမ်းသပ်ကြည့်ပြီး... "ဒါမျိုးက ကြာကြာထားရင် အသက်အန္တရာယ် ရှိတယ်၊ ဖြတ်ထုတ်ပစ်ရမယ်" တဲ့။ အို... အသက်ထက်တော့ ဘာက ပိုအရေးကြီးနေဦးမှာလဲ။  ရတယ်၊ ကိစ္စမရှိဘူး၊ တစ်လုံး ကျန်သေးတာပဲ။ ဖြတ်ပစ်လိုက်တယ်။ တစ်လလောက်ကြာတော့ ဘယ်ဘက် ဂွေးဂျိက ထပ်စိမ်းလာပြန်တယ်။ ဆရာဝန်ဆီ ပြေးရပြန်တာပေါ့။ "အသက် အန္တရာယ်ရှိတယ်ဆိုတော့ ဖြတ်ပစ်ဖို့ပဲ တိုက်တွန်း... " အင်းပါလေ... အသက်ထက်တော့ ဘာက ပိုအရေးကြီးနေဦးမှာလဲ။ အရမ်း နှမြောပေမယ့် ဖြတ်ပစ်လိုက်တယ်။ နောက်ထပ် တစ်လလောက်ပဲ ရှိသေး၊ ကျန်တဲ့ အတံလေး စိမ်းလာပါရောဗျာ။ "ယောက်ျားချင်း ကိုယ်ချင်းစာပါတယ်ဗျာ။ ဒါပေမယ့် အသက်ဘေးကလည်း ရှိသေးတယ်ဆိုတော့... ဖြတ်ထုတ်ပစ်ဖို့ကိုပဲ တိုက်တွန်း... " "အီး... ကောင်းသလိုသာ လုပ်ပါတော့ ဒေါက်တာရယ်... ရွှတ်... " လမ်းလျှောက်ရတာ နည်းနည်းတော့ ပေါ့ဟာဟာ ဖြစ်သွားတယ်။ ရှိရှိသမျှ အကုန်ဖြတ်ပြီးလို့ တစ်ပတ်ပဲ ကြာလိုက်တယ်၊ ပေါင်ခြံ တစ်ခုလုံး စိမ်းလာပြန်တယ်။ ဒီတစ်ခါတော့ ဆရာဝန်က အကြာကြီး စမ်းသပ်တယ်။ ပြီးတော့ ဆရာဝန့်မျက်နှာကြီး ငိုမဲ့မဲ့ ဖြစ်လာတယ်။ ...
Ha Ha Ha ရီရတယ်ဗျာ ဖတ်ပြီး စိတ်အမောတွေ ပြေပါစေနော်
Image
ကဖိုးချမ်း အင်ဂျင်နီယာဖြစ်ဖို့ ကျောင်းတက်တော့ လက်တွေ့သင်တန်းချိန်မှာ ဆရာက သူ့ကို ရဲဒင်းတစ်လက်လုပ်ခိုင်းပါတယ်။ ”ရော့…ဟောဒီသံတုံးကိုအရည်ကျိုပြီး ရဲဒင်းတစ်လက်လုပ်ပြ” ကဖိုးချမ်းက စာသင်ချိန်မှာ ဖွန်ပတ်ကြောင်နေသူဆိုတော့ ဘယ်လိုလုပ်ရမလဲမသိဘူး။ ဒါနဲ့ သံတုံးကြီးကို ဘော်တယ်ဆိုင်မှာသွားရောင်းပြီး ရှိစုမဲ့စု သူ့အသုံးစရိတ်ထဲက ငွေနည်းနည်းစိုက်လို့ ရဲဒင်းတစ်လက်ဝယ်လာလိုက်တယ်။ ပြီးတော့ ရင်လေးကော့ပြီး ဆရာကိုပြလိုက်ပါတယ်။ ဆရာက ငါးခူပြုံးလေးပြုံးပြီး ကဖိုးချမ်းကိုပြောလိုက်တယ်။ ”တကယ်တော်တဲ့တပည့်ပဲ၊ လက်ရာသေသပ်လိုက်တာ၊ ဒါမျိုးနောက်ထပ် ရဲဒင်း ၂၀၀ လုပ်ပေးကွာ” 😛 😛
ပီကေများ ဟာသလေးပါ ရီရပါတယ် စိတ်အမောပြေပါစေနော်
Image
#ဖမ်းမိတာကိုကမှားတာပါ# __________________________ Surprise Check မှာ ကားဆရာအစစ်ခံရပါတယ်... PK - ယာဉ်မောင်းလိုင်စင်ပြပါ... Dvr - မရှိဘူး ဆရာ PK - ကားမောင်းစားပြီးတော့ မလုပ်ထားဘူးလား? Dvr - မလုပ်ထားဘူး PK - ကညနရုံးမှာ ဖောင်တင်၊ ပြီးရင် ရေးဖြေ၀င်ဖြေလိုက်... လက်တွေ့မောင်းပြတာကတော့ အခုလည်းမောင်းနေတာပဲ ဘာခက်မှာမို့လို့လဲ? Dvr - ကညနရုံးကိုသွားပြီးပြီ... မှတ်ပုံတင်တောင်းတယ်၊ ငယ်ငယ်ကလုပ်ထားတာ ဘယ်ပျောက်သွားလဲမသိဘူး... မရှိတော့ဘူး... PK - မှတ်ပုံတင်များကွာ ဘာခက်တာလိုက်လို့ အိမ်ထောင်စုစာရင်းရှိရင် လုပ်လို့ရနေတာပဲကို... Dvr - မှတ်ပုံတင်ရုံးကိုသွားတယ်... မွေးစာရင်း ထောက်ခံစာယူခဲ့ပါဆိုလို့... PK - ဒါလည်း ဘာခက်တာမို့လို့ကွာ... Dvr - ခက်တော့မခက်ပါဘူး... အဲဒါမွေးစာရင်းထောက်ခံစာသွားယူတာ အသက်အာမခံထားရမယ်တဲ့... PK - အဲဒါလည်း စုပေါင်းရုံးမှာ အသက်အာမခံဌာနရှိတယ်လေ... သွားလိုက်ပေါ့ကွ Dvr - အဲဒီကိုလည်းသွားပါတယ်... အသက်အာမခံကြေးငွေကို ဘဏ်မှာသွားဆောင်ပါတဲ့... PK - အဲဒီတော့ သွားမဆောင်လိုက်ဘူးလား? Dvr - ဆောင်ဖို့သွားပါတယ်... ဘဏ်ကိုရောက်တော့ “မှတ်ပုံတင်ပြပါ“ တဲ့... PK - ဟင်... မင်းမှာမှမရှိတာ! ...
ယောက္ခမ နဲ့ သမက် ရီစရာဟာသလေးပါ စိတ်အမောပြေပါစေနော်
Image
လွမ်းတယ်​ဆိုမှပါ။ ============ "မိန်းမ . . ကိုယ်​​ရှေ့တန်းမသွားခင်​ ဒါ​လေး မင်းအ​မေကို​ပေး ​ပေးစမ်းပါ။" "ငင့်​ ​တော့်​ဟာက လက်​ပစ်​ဗုံးကြီး. . ဘာလုပ်​ရမှာတုန်း.!" "မဟုတ်​ဘူး​လေ . .သူ့သားမက်​လေးကို လွမ်းရင်​ အဲ့ဒီ​ပေါ်က ဂွင်းက​လေးကို ဆွဲဖြုတ်​လိုက်​လို့ ​ပြောထား​ပေး၊ အနည်းဆုံး​ တစ်​ပတ်​​လောက်​တော့​ ခွင့်​နဲ့ ပြန်​လာ​လို့ ရနိုင်​တယ်​​လေ" "တိန်​" 😁😁😁
ဖတ်ကြည့်ပါ ရီစရာကောင်းပါတယ် စိတ်အမောတွေ ပြေပါစေနော်
Image
ဆရာဝန်​တဲ့​ဟေ့ --- --- --- --- - "​ဒေါက်​တာက သင်္ချိုင်းဘေး အိမ်​​ဆောက်​ပြီး တစ်​​ယောက်​ထဲ နေတယ်​​နော်​။ မ​ကြောက်​ဘူးလား" "ဘာကို ​ကြောက်​ရမှာလဲဗျ" "သရဲခြောက်မှာကို ပြောတာ" "​​အော်​... သူတို့ လာကြပါတယ်​။ ပြူးတူးပြဲတဲလည်း လုပ်ပြကြတယ်" "အမလေး... ဒါတောင် ဒေါက်တာက မလန့်ဘူးနော်" "လန့်ရတာက သူတို့ပါဗျာ။ ကျွန်တော် စကားတစ်ခွန်းလောက် ပြောလိုက်ရင်ကို ဒီကောင်တွေ လုံး​နေ​အောင်​ ထွက်ပြေးကြရတာ" "​အလို... ဒေါက်​တာက ဘာ​ပြောလိုက်​လို့လဲ" "​ဆေးထိုးအပ်​ ​ထောင်​ပြပြီး... နောက်​တစ်​ခါ ထပ်​​သေချင်​လို့လားလို့ ​မေးလိုက်​တာ​လေ။ သူတို့အားလုံး ကျွန်​​တော့်​လူနာ​ဟောင်း​တွေချည်းပဲဗျ" 😛